မိုးကုတ်မြို့၌ အစိုးရနိကာယ်စာမေးပွဲဖြေဆိုနေသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ကျန်းမာရေးစောင့်ရှောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ

မိုးကုတ် ဇွန်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရနိကာယ်စာမေးပွဲကို မိုးကုတ်မြို့ အောင်ချမ်းသာရပ်၊ မဟာမုနိဘုရားဝန်းအတွင်း၌  ဇွန်လ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ ဖြေဆိုကျင်းပလျက်ရှိရာ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူ စာဖြေသံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တိူ့မှ ကျန်းမာရေးစောင့်ရှောင်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကြည်ကြည်နွဲ့(ပြန်/ဆက်)