ကမမောင်း ဇွန် ၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်က ကျင်းပသည်။
အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူး၊ မြို့သစ်တောဦးစီးမှူး၊ ခရိုင်/မြို့နယ်/ မြို့အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုပေါင်း၍ ကျွန်း၊ မဟော်ဂနီနှင့် မန်ဂျန်ရှား စုစုပေါင်းပျိုးပင်(၁၀၀)ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။
သန့်ဇင်(ကမမောင်းပြန်/ဆက်)