ထားဝယ်မြို့တွင် စီမံခန့်ခွဲမှုသင်တန်းနှင့်စာရင်းရေး၊ စာရင်းကိုင်သင်တန်းအမှတ်စဉ် (၁/၂ဝ၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ်  ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်များရှိ သမဝါယမဦးစီးဌာနမှဝန်ထမ်းများနှင့် သမဝါယမအသင်း အမှုဆောင်၊ စာရင်းကိုင်ဝန်ထမ်း၊ အသင်းစာရင်းစစ်များ၏ သမဝါယမအသင်းများ လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းနှင့်စာရင်းရေး၊ စာရင်းကိုင်သင်တန်းအမှတ်စဉ်(၁/၂ဝ၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေက စာရင်းရေး စာရင်းကိုင်နှင့်အခြေခံသမဝါယမအသင်းများ စာရင်းသွင်းနည်းများ တတ်မြောက်စေရန်၊ မိုးစပါးစိုက်ပျိုးဧက(၁၀၀၀၀) စီမံကိန်း (မြစိမ်းရောင်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်ပါ စာရင်းဇယားများအားရေးသွင်းခြင်း အထူးအလေးထား သင်ကြားပေးရန်စသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သူ များအနေဖြင့် တာဝန်ရှိသူများ၏ သင်ကြားပို့ချက်များကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားထားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ပညာရေးဌာနစိတ် ဦးစီးအရာရှိဒေါ်သန္တာဝင်းနှင့်  သင်တန်းနည်းပြ ဦးစီးအရာရှိ ဒေါ်ချောချောလွင်တို့က သင်ကြားပို့ချမည့် ဘာသာရပ်များအားရှင်းလင်းပြောကြားသည်။

သင်တန်းတွင် သင်တန်းနည်းပြ ဦးစီးအရာရှိ ဒေါ်ချောချောလွင်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူ(၃၀)ဦးအား ဇွန်(၁၈)ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)