ကော့ကရိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးTalk show ပြုလုပ်

ကော့ကရိတ် ဇွန် ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း၌ ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့မြေထု၊ ရေထု၊ လေထု၊ ညစ်ညမ်းမှု မရှိအောင်ထိန်းသိမ်းရေးနှင့် လေထုညစ်ညမ်းမှုကိုကာကွယ်ရန် အမှိုက်များကို စနစ်တကျစွန့်ပစ်ရေး ဆွေးနွေးပြောကြားပြီး အကြီးတန်းစာရေးဒေါ်ခင်သီတာဆန်းက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် ပြည်သူများအနေဖြင့် ပလတ်စတစ်၏ကောင်းကျိုး၊ ဆိုးကျိုးများသိရှိစေရေး ဆွေးနွေးပြောကြားခဲ့ကြသည်။

ကော့ကရိတ်ခရိုင် ပြန်ဆက်ဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတ ရရှိစေရေး ရည် ရွယ်၍ လစဉ်အသိပညာTalk show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)