အုတ်ဖိုမြို့တွင် စျေးကွက်အတွင်းရောက်ရှိနေသော တရားမဝင်ဆေးဝါးများဆိုင်ရာအချက်အလက် မြေစိုက်ပိုစတာစိုက်ထူ

အုတ်ဖို ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စျေးကွက်အတွင်းရောက်ရှိနေသော တရားမဝင်ဆေးဝါးများဆိုင်ရာ အချက်အလက်မြေစိုက်ပိုစတာစိုက်ထူခြင်းကို အုတ်ဖိုမြို့၊ မြို့မစျေးဘူတာတို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ထူခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

အဆိုပါမြေစိုက်ပိုစတာတွင် အင်္ဂလန်နိုင်ငံရှိ Astra Zeneca Company မှထုတ်လုပ်သော Crestor 10 mg အမျိုးအစားဆေးဝါးအား စျေးကွက်အတွင်းတွင် တရားမဝင်ရောင်းချမှုနှင့်ပတ်သက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စိစစ်ချက်အပေါ် ဦးဆောင်ကော်မတီအဖွဲ့က "တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် စစ်ဆေးရေးစခန်းများသို့ Crestor 10mg Tablet အစစ်/အတုပုံအပြင် တရားမဝင်ဆေး(၁၇)မျိုးပုံစံများအား Colour ဖြင့် ရှင်းလင်းပြတ်သားစွာပြသထားကြောင်း သိရသည်။

အောင်သူ အုတ်ဖို