လပွတ္တာ​မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက် ရောဂါအကြောင်းဟောပြောပွဲပြုလုပ်

လပွတ္တာ ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါအကြောင်း ဟောပြောပွဲပြုလုပ်ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက သင်္ကန်းကြီးကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာအောင်နိုင်သိန်းက ကျွဲ၊ နွား၊ ဆိတ်နှင့်ပတ်သက်၍ ကူးစက်ရောဂါများဖြစ်သည့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါ၊ ဒေါင့်သန်းရောဂါ၊ လည်ချောင်းကွဲရောဂါ အပြင် အခြားသော ကူးစက်ရောဂါများကို စနစ်တကျ ကာကွယ်ကြရန် ကာကွယ်ဆေးများကိုလည်း ပုံမှန်ဆေးထိုးပေးကြရန် လိုအပ်သောအကူအညီများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့အချိန်မရွေး လာရောက်ပြီးအကူအညီတောင်းခံနိုင်ပါကြောင်းဆွေးနွေးဟောပြောခဲ့သည်။

လပွတ္တာမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ကျွဲ၊ နွား၊ ဆိတ် ရောဂါကာကွယ်ခြင်းများအပြင် အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် ‌ခွေး၊ ကြောင်များကိုစနစ်တကျ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)