အင်္ဂပူ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြအင်္ဂပူမြို့နယ်၊ ကွင်းကောက်(မြောက်) မြတ်ဓမ္မ ရောင်ခြည် သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ အတွင်းရေးမှူး ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကျေးရွာတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာပြည်သူများ ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာ ဌာနများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)