မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများမှ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊မိုင်း‌ငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် ဆွေးနွေးပွဲ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

အောင်လံမြို့၌ မြို့မဈေးနှင့်မြနန္ဒာဈေးတို့တွင် ရောင်းချလျက်ရှိသော ဈေးသည်များအား ဈေးစည်းကမ်း (By Law) နှင့် အညီစနစ်တကျ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့မဈေးနှင့်မြနန္ဒာဈေးတို့တွင် ရောင်းချလျက်ရှိသော ဈေးသည်များအား ဈေးစည်းကမ်း (By Law)နှင့် အညီစနစ်တကျရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဈေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ သွေးလှူဘဏ်ဖြစ်မြောက်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့၌ သွေးလှူဘဏ်ဖြစ်မြောက်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပရဟိတအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်(၁၀)နာရီက ပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ် ပို့ချပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ အသက် ၂ လမှ ၁၈ လအအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း နှစ်ထောင်ရှစ်ရာကျော်တို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြရာ ယနေ့အထိ အသက် ၂ လမှ ၁၈ လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်စုစုပေါင်း နှစ်ထောင်ရှစ်ရာကျော်တို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူငယ်များ ဗဟိုသုတတိုးပွားစေရေးအတွက် လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင်  အသက် ၅ နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မွေးကင်းစကလေးငယ်များနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၁)ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ သာသနဟိတဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းမာပင်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာတားဆီး ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့၊ နေ့လယ် (၂)နာရီအချိန်က အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လည် ၁၂ နာရီက ဉာဏ်စမ်းပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြိုနယ်၌ မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးထားသည့် ပဲတီစိမ်းစံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနမှ မျိုးစေ့ချစက်ကိရိယာဖြင့် စိုက်ပျိုးထားသည့် ပဲတီစိမ်း စံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီ ရိမြို့နယ်၊ သစ်တပ်ကျေးရွာ ကွင်းအမှတ်(၁၆၀၇)ကွင်း၌ ဆောင်ရွက်ခဲ့သည်။
Subscribe to