အောင်လံမြို့၌ မြို့မဈေးနှင့်မြနန္ဒာဈေးတို့တွင် ရောင်းချလျက်ရှိသော ဈေးသည်များအား ဈေးစည်းကမ်း (By Law) နှင့် အညီစနစ်တကျ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

အောင်လံ ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့မဈေးနှင့်မြနန္ဒာဈေးတို့တွင် ရောင်းချလျက်ရှိသော ဈေးသည်များအား ဈေးစည်းကမ်း (By Law)နှင့် အညီစနစ်တကျရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဈေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်နှင့်  ပူးပေါင်းအဖွဲ့မှ ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ၊ ပျံကျဈေးသည်များအနေဖြင့် ဈေးစည်းကမ်း (By Law) နှင့် အညီစနစ်တကျ ရောင်းချရေး၊ အဖွဲ့ပိုင်ဈေးများအတွင်း အထူးသန့်ရှင်းသပ်ရပ်မှုရှိရေး၊ အများပြည်သူ သုံးသန့်စင်ခန်းများသစ် လွင်တောက်ပမှုရှိရေးနှင့် ဈေးများတွင် မီးဘေးလုံခြုံရေးရှိစေရန်တို့ အတွက် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်ဆက်)