မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများမှ စာဖတ်ဝိုင်းကျင်းပ

မိုင်းငေါ့ ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊မိုင်း‌ငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် ဆွေးနွေးပွဲ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က အခန်း(၁)ဝန်ထမ်းများ လိုက်နာရမည့်တာဝန်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်မို့မို့က အခန်း(၂) ဝန်ထမ်းစည်းကမ်းများ ခေါင်းစဉ်မှအလုပ်ချိန်နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ ရုပ်သံကျွမ်းကျင်-၃-ဒေါ်ခိုင်နှင်းဆီက လုပ်ငန်းခွင်အတွင်းပြုမှုဆက် ဆံမှုဆိုင်ရာ စည်ကမ်းများ၊ ပါတီနိုင်ငံရေးကင်းရှင်းရန် စည်းကမ်းများစသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)