ဒေးဒရဲမြို့နယ် ဆီလုပ်ငန်းရှင်များအသင်းက စာသုံးဆီတစ်ပိဿာ (၄၁၀၀)ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနက အနီးကပ်ကြီးကြပ်မှု ဖျာပုံခရိုင်ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား စားသုံးဆီများကို တစ်ပိသာလျှင် (၄၁၀၀) ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စု (၆၀၀)အား ရန်ကုန် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ချုပ်မှ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းများနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မိုခါမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာရွာသွန်းခဲ့၍ စလင်းချောင်းရေမြှင့်တက်ပြီး ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် ကျေးရွာအုပ်စုများမှ၊ အိမ်ထောင်စု (၆၀၀) တို့အား ရန်ကုန် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ချုပ်မှ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းများနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီ ၃၀ မိနစ် အချိန်မှစတင်ကာ ရေဘေးသင့်အိမ်ထောင်စု ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆိုင်ကလုန်း (မိုခါ) မုန်တိုင်းဘေးသင့်ခဲ့သော ရခိုင်ပြည်နယ်မှပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဆိုင်ကလုန် (မိုခါ) မုန်တိုင်းဘေးသင့်ခဲ့သော ရခိုင်ပြည်နယ်မှပြည်သူများအတွက် အလှူရှင်များမှ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသည့် “အားပါတဲ့ စေတနာ စကားများ”စာအုပ်ပါ အကြောင်းအရာများကို စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူ အသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

က​လေးအလုပ်သမားပ​ပျောက်​ရေး ဝိုင်းဝန်းကာကွယ်​ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်​သူ့ဆက်ဆံရေးဦးစီးဌာနမှလက်​ထောက်ညွှန်ကြား​ရေးမှူးနှင့်ဝန်ထမ်းများသည်၊ ယနေ့မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးများကျောင်းများသို့၊ က​လေးအလုပ်သမားပ​ပျောက်​ရေးဝိုင်းဝန်းကာကွယ်​​စောင့်​ရှောက်​ပေး​ဇေယျာ​ရွှေ​မြေလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့သည်။

မုံရွာမြို့တွင် အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မုံရွာမြို့တွင် အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ မုံရွာ ဇွန် ၇ ခရိုင် (ပြန်/ဆက်)

ဓနုဖြူမြို့နယ်တွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စစ်ဆေးဆောင်ရွက်

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန် ပြည်သူများပလတ်စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့ ဇွန်လ၇ရက်နေ့ နံနက် (၈) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ မင်းလှအုပ်စုရှိ တောင်သူများအား  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သဲကုန်းမြို့နယ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်း၊ တောင်သူ ၂၃၂ ဦးအတွက် စပါးစိုက်ဧက ၁၃၅၉ ငွေကျပ် ၂၀၃၈၅၀၀၀၀ ကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။ 

သံဖြူဇရပ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါများ စတင်ဖြစ်ပွားနေ၍ ရောဂါဖြစ်ပွားမှု လျှော့နည်းစေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ခတ်ခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေး ထည့်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခန့်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to