မက်မန်းမြို့နယ်တွင် လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲကျင်းပ

မက်မန်း ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူငယ်များ ဗဟိုသုတတိုးပွားစေရေးအတွက် လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်လေးလေ (ဒုတိယဦးစီးမှူး)က လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစည်းကမ်း၊ အိမ်စည်းကမ်းများကို လိုက်နာရန်လိုအပ်ပါကြောင်း၊ စည်းကမ်းလိုက်နာခြင်းဖြင့် အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ ဒေါ်အေးဝင်းခိုင် (ဦးစီးအရာရှိ)လူယ်နှင့် ပတ်ဝန်းကျင်း ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူငယ်များအနေဖြင့် မိမိပတ်ဝန်းကျင်းအား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို ထိန်းသိမ်းပြီးဖြစ်ပါကြောင်း၊ ကျောင်းပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းစွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဟောပြောခဲ့သည်။

ထို့နောက် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်နှင့် စိတ်ဓာတ်၊ စာရိတ္တမဏ္ဍိုင် အကြောင်းဟောပြောရာ တွင် လူငယ်များအနေဖြင့် စိတ်ဓာတ်ကောင်းရန် လိုအပ်ပါကြောင်း၊ စိတ်ဓာတ်ကောင်းခြင်းသည် လူ့ အခြေခံပင်ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် အခြေခံဓာတ်ကောင်းများကို မွေးမြူရမည်ဖြစ်ပါကြောင်း၊ စာရိတ္ တကောင်းမွန်ခြင်းဖြင့် အနာဂတ်တွင် ထွန်းလင်းတောက်ပသော လူငယ်များ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ဟောပြောဆွေးနွေးခဲ့သည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိရေးအတွက် လူငယ်ရေးရာ နံရံကပ်စာစောင်ပြသခြင်းနှင့် လူငယ်ရေးရာ စာအုပ်စာစောင်ပြပွဲကိုလည်း ခင်းကျင်းပြသခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူ (၉၀) ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)