အောင်လံ ဇွန် ၇
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့၌ သွေးလှူဘဏ်ဖြစ်မြောက်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပရဟိတအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် သွေးလှူဘဏ်ဖြစ်မြောက်ရေး ခရိုင်စီမံကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်က သွေးလှူဘဏ်နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပြီး သွေးလှူဘဏ်အတွက် လိုအပ်လျက်ရှိသောရန်ပုံငွေအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့် တက်ရောက်လာသူများမှ အလှူငွေများထည့်ဝင်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်ဆက်)