ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ စာပေစကားဝိုင်းကျင်းပပြုလုပ်

ဒလ ဇွန် ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ ပူးပေါင်း၍ စာပေ စကားဝိုင်း ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာပေစကားဝိုင်း ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ဒလမြို့နယ် စာကြည့်တိုက်ဥက္ကဋ္ဌ ဦးသန်းဝင်းက စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသော စာပေတာ၀န်စာအုပ်တွင် ပါ၀င်သည့် စာဖတ်လို့ပျော်ကြတယ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့၀င် ဦးတင်စိုးက စာရေးဆရာ အောင်သင်းရေးသားသော မျိုးဆက်သစ်ရဲ့ မဟာမိတ်စာအုပ်တွင် ပါ၀င်သည့် တာ၀န် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်လှလှရီက စာရေးဆရာမ ဒေါက်တာ မတင်၀င်းရေးသားသော အလုပ်ဆိုတာအင်အားပါ စာအုပ်တွင်ပါဝင်သည့် အလုပ်ဆိုတာ လူ့စိတ်ကို ရင့်ကျက်စေနိုင်ပါတယ် ခေါင်းစဥ်ဖြင့် အပြန်အလှန် ဆွေးနွေးကြပြီး စာပေ ဝါသနာရှင်များက သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။ 

ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Pageမှတစ်ဆင့် စာအုပ် မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ် များငှားရမ်းပေးခြင်း၊ (Talk Show)နှင့်စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းအပြင် သင်တန်း များ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း  ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

ဒလ(ပြန်/ဆက်)