ကော့မှူး ဇွန် ၈
၂၀၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာ ကျိုမွန်ထိုရ်စေတီတော် ရှေ့ကွင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဒလတပ်နယ်မှူး ဗိုလ်မှူးချုပ်အေးမင်းထွေးက အဖွင့်အမှာစကားပြောကြားရာတွင် သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးသစ်တော ဂေဟာစနစ်များ စဉ်ဆက်မပြတ် တည်တံ့ရေး၊ ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ရန်၊ သက်ရှိလူသား များ၏ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်စေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်း အပူချိန်လျော့ကျလာစေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် ဒလတပ်နယ်မှူး ဗိုလ်မှူးချုပ်အေးမင်းထွေး၊ ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းဇော်နှင့်အရာရှိကြီးများ၊ တွံတေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရာရှိစစ်သည်များ၊ ရဲမေများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များလူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ စုစုပေါင်းအင်အား (၃၀၀)ခန့်ဖြင့် သစ်ပင်(၁၂၀၀)အား သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)