လပွတ္တာ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန်က လပွတ္တာ-မြောင်းမြကားလမ်းမ သြဘာလမ်းဆုံတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း လမ်းစည်းလိုက်နာစေရေးအတွက် မော်တော်ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်ဉီးထုပ်ဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်ယူဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးအလေးအနက်ထားလိုက်နာစေရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းစေရေး အသိပညာပေး ဆောင်ရွက်ရာတွင်အမှတ် (၈၃)ယာဥ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်ကျော်ဆန်းဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တာဝန်ရှိသူများက အများပြည်သူသွားလာရာ မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာနေရာများတွင် ယာဉ်အန္တရာယ်ကင်းစေရန် ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်း၍ စီးနင်းစေခြင်း၊ယာဉ်လိုင်စင်၊ လူလိုင်စင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပါမပါစစ်ဆေးပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် အသိပညာပေးခြင်း၊ ယဉ်မောင်းသူများလိုက်နာရန် အချက်များ၊ လမ်းဖြတ်ကူးပါက ကြည့်ရှုရမည့် အချက်များ၊ သင့်ခရီးစဉ်သာယာစေရန် ဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်တိုက်မှုဖြစ်လျှင် ဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ယာဉ်စည်းကမ်းလိုက်နာကြပါစို့ စသည့်အကြောင်းအရာများပါဝင်သော ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေးလက်ကမ်းစာစောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)