ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများထုတ်ပြန်

ပုသိမ် ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကပ် ထားကြေညာခဲ့ပြီး စာစစ်ဌာန(၂၀၇)ခုတွင် ဝင်ရောက်ဖြေဆိုသူ(၂၀၀၅၉)ဦးရှိရာ အောင်မြင်သူဦးရေ (၁၃၆၃၀)ဦး ရှိပြီး အောင်ချက်ရာနှုန်း (၆၇.၉၅%) ဖြေဆို အောင်မြင်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း (၆)ဘာသာဂုဏ်ထူး ရရှိသူ(၂၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ(၅၃) ဦး၊(၄)ဘာသာ ဂုဏ်ထူးရရှိသူ(၁၇၉)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရရှိသူ (၁၃၆၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၁၆၅၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၃၀၈၆)ဦး၊ ရိုးရိုးအောင်မြင်သူ (၇၂၇၂)ဦးရှိပြီး ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိသူ မြန်မာစာ (၃၂၅)ဦး၊ အင်္ဂလိပ်စာ (၆၈)ဦး၊ သင်္ချာ (၁၈၂)ဦး၊ ဓာတုဗေဒ (၃၃၅)ဦး၊ ရူပဗေဒ(၇၀၅)ဦး၊ ဇီဝဗေဒ (၅၈၆) ဦး၊ ပထဝီ(၂၇၄၈)ဦး၊ သမိုင်း(၂၇၈၀)ဦး၊ ဘောဂဗေဒ (၃၈၇၁)ဦးရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူး ရုံးမှ သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)