ခမောက်ကြီး ဇွန် ၁၀
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကပ်ထားကြေညာလျက်ရှိရာ ခမောက်ကြီးစာစစ်ဌာနတွင် ဖြေဆိုသူ(၂၆)ဦးတွင် (၁၀)ဦး အောင်မြင်၍ အောင်ချက်ရာခိုင်နှုန်း (၃၈.၄၆) ရှိကြောင်း သိရသည်။
ခမောက်ကြီးစာစစ်ဌာနတွင် အထကခမောက်ကြီးကျောင်းမှ ဖြေဆိုသူ(၉)ဦးတွင် တစ်ဘာသာဂုဏ်ထူး(၁)ဦး၊ ရိုးရိုး(၄)ဦးဖြင့် စုစုပေါင်း(၅)ဦးအောင်မြင်၍ ကျောင်းတွင်းအောင်ချက် (၅၅.၅၆)ရာခိုင်နှုန်း၊ အထကမလိဝမ်းကျောင်းမှ ဖြေဆိုသူ(၂)ဦးတွင် တစ်ဘာသာဂုဏ်ထူး(၁)ဦးနှင့် ရိုးရိုး(၁)ဦးအောင်မြင်၍ ကျောင်းတွင်းအောင်ချက်(၁၀၀)ရာခိုင်နှုန်းနှင့် အလွတ်ဖြေ ဖြေဆိုသူ(၁၅)ဦးတွင် တစ်ဘာသာဂုဏ်ထူး(၁)ဦးနှင့် ရိုးရိုး(၂)ဦး စုစုပေါင်း(၃)ဦး အောင်မြင်၍(၂၀) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ခမောက်ကြီးစာစစ်ဌာနအနေဖြင့် ကျောင်းဖြေ(၁၁)ဦးနှင့် အလွတ်ဖြေ(၁၅)ဦးပေါင်း(၂၆)ဦး ဖြေဆိုခဲ့ရာ အောင်မြင်သူ(၁၀)ဦးရှိသဖြင့် စာစစ်ဌာနအနေဖြင့် အောင်ချက် (၃၈.၄၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)