ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၇၂.၈၉)ရာခိုင်နှုန်းအောင်မြင်

ပျော်ဘွယ် ဇွန် ၉

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ဇွန်လ(၉)ရက်၊ နံနက်(၆)နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင်ကြေညာထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများလာရောက်ကြည့်ရှုခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၉၆)ဦးဝင်ရောက်ဖြေဆိုခဲ့ရာ (၇၂၆)ဦး အောင်မြင်ခဲ့သဖြင့် အောင်မြင်မှုရာခိုင်နှုန်း(၇၂.၈၉) ရှိကြောင်း၊ ငါးဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်သူ(၄)ဦး၊ လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၁၁)ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၄၅)ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၁၉၉)ဦး၊ ရိုးရိုးအောင်မြင်သူ(၄၃၉)ဦး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)