ဇေယျာသီရိ ဇွန် ၁၃
ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပိုးလောက်လမ်းသေ(အဘိတ်)ဆေးခတ်ခြင်းများအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝေယံအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံး ကာလဖြစ်သည့် မိုးရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာလိုင်းခန်းများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ရေလှောင်ကန်များထဲသို့(အဘိတ်)ဆေးများအား သွားရောက်ခတ်ပေးခြင်း နှင့် ဘုရားစင်ပေါ်ရှိ ညောင်ရေအိုးများ၊ ပန်းအိုးများတွင်လည်း ပိုးလောက်လမ်းများ မကျရောက်စေရန် အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)