ရမည်းသင်း ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း ၍ ကမ္ဘာမြေပူနွေးလာမှု လျှော့ချရေးဖြစ်စဉ်တွင် သစ်တောသစ်ပင်များ၏ အရေးကြီးသောအခန်းကဏ္ဍ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ဇွန်၁၂ ရက်နံနက် ၉ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက ကမ္ဘာမြေပူနွေးလာရခြင်းနှင့် သစ်တောသစ်ပင်စိုက်ပျိုးရေးတို့ကို ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်းနှင့် ပြိုင်ပွဲစည်းကမ်းချက်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကမ္ဘာမြေပူနွေးလာမှု လျော့ချရေးဖြစ်စဉ်တွင်သစ်တောသစ်ပင်များ၏ အရေးကြီးသောအခန်းကဏ္ဍ Important role of Forestry in the context of global warming mitigation measures"ခေါင်းစဥ်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပရာ ရမည်းသင်းမြို့နယ်ရှိ ရွှေးဒါး အ.ထ.ကကျောင်း၊ အမှတ်(၁)အ.ထ.ကကျောင်းနှင့်အမှတ်(၅)မြို့မ အ.ထ.ကကျောင်းတို့မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်