ညောင်တုန်း ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အတက်ရောဂါ စီမံချက်အကြောင်း အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပေးရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလှိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဒေါက်တာစိုးလှိုင်ဦးက အတက်ရောဂါဖြစ်ပွားရသည့် အချက်များ၊ အတက်ရောဂါ ဖြစ်ပွားသူများအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့် အတက်ရောဂါ စီမံချက်အကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အတက်ရောဂါစီမံချက် ဗွီဒီယိုပြသခဲ့ပြီး အသိပေးရှင်းလင်းပွဲသို့ တက်ရောက် လာသူများက အတက်ရောဂါနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)