လွိုင်လင် ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေးမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။
အစီအစဉ်အရ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ပြည့်စန္ဒီမြင့်မှ "လူငယ်နှင့်ဆိုရှယ်မီဒီယာ"ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပြီးနောက် လက်ထောက်ညွန်ကြားရေးမူး ဒေါ်သိန်းသန်းဌေးက “အွန်လိုင်းသုံးစွဲခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောပေးခဲ့ပြီးနောက် ဟောပြောချက်များနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ ဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)