လားရှိုးလူထုအခြေပြုဗဟိုဌာနတွင် နိုင်ငံတကာယောဂနေ့အထိမ်းအမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်

လားရှိုး ဇွန် ၂၂

ဇွန်လ ၂၁ ရက်နေ့ “နိုင်ငံတကာယောဂနေ့” အထိမ်းအမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်ခြင်းကို ယမန်နေ့ညနေ ၆ နာရီအချိန်က လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စုပေါင်း၍ ယောဂလေ့ကျင့်ခြင်းကို မြန်မာ့လက်ရွေးစင်ကျွမ်းဘားအားကစားသမားတစ်ဦးဖြစ်သည့် ဆရာစည်သူဟိန်းက ခက်ခဲသော ယောဂကျင့်စဉ်များအား လွယ်ကူအောင် မည်ကဲ့သို့ လေ့ကျင့်ရမည်ကို ပညာဒါနအနေဖြင့် သင်ကြားပို့ချပေးခဲ့ပြီး လားရှိုးမြို့ရှိ ယောဂလေ့ကျင့်ခြင်းကို စိတ်ပါဝင်စားသူများ လာရောက်ခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် နေ့စဉ်ယောဂလာရောက် လေ့ကျင့်ကြသူများသည် နိုင်ငံတကာယောဂနေ့အထိမ်းအမှတ်အဖြစ် ဆရာအောင်ကျော်မိုး၊ ဆ ရာမဒေါ်နန်းဆိုင်အွမ်တို့က ဦးဆောင်ကာ လားရှိုးမြို့ရှိ လွတ်လပ်ရေးပန်းခြံတွင်လည်း ယမန်နေ့ နံနက်ပိုင်းက စုပေါင်း၍ ယောဂလေ့ကျင့်ခဲ့သေးကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)