ဆိပ်ဖြူ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကိုးတောင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပေးပြီး၊ ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့ မြို့မရဲစခန်းက ဒုတိယရဲအုပ် သက်နိုင်လင်းက ကျောင်းသား/ ကျောင်းသူများအား ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းဝေးရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အချက်လက်များကို အသိပညာပေး ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)