ဇီးကုန်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက သရက်တပင်အုပ်စု အိုးဖိုစုကျေးရွာတောင်သူ ဦးဇော်နိုင်၏ စိုက်ကွက်တွင် သရုပ်ပြစိုက်ပျိုးခဲ့သည်။
အဆိုပါတိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ ဆက်စပ်သည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် စိတ်ပါဝင်စားသည့် ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။
မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် အာဟာရပြည့်ဝသော တိရိစ္ဆာန်အစာပင်များ စိုက်ပျိုးကျွေးမွေး မွေးမြူသည့် ကျင့်သုံးလာစေရန်ရည်ရွယ်၍ သရုပ်ပြစိုက်ပျိုးခြင်းဖြစ်ကြောင်းနှင့် အခြားကျေးရွာ များ၌လည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးထံမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)