လင်းခေးတွင် (Biometric) အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လင်းခေး ဇွန် ၂၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်များက ယနေ့နံနက် ၉ နာရီက လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ၄င်းမိသားစုဝင်များအား Biometric ချက်အလက်များကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကွင်းဆင်းဆောင်ရွက်ပေးရာတွင်၊ ခရိုင်နှင့်မြို့ နယ်ဌာနဆိုင်ရာရုံးများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ၄င်းတို့၏မိသားစုဝင်များ၊ တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ  တပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသက် ၁၀ နှစ်နှင့် အထက် (Biometric) အချက်အလက်များကောက်ယူခြင်းကို အချိန်နှင့်တပြေးညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လင်းခေးမြို့နယ် ဦးစီးမှူး ရုံးတာဝန်ရှိသူထံမှ သိရသည်။

လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်(၁၉)ရက်နေ့နံနက် ပိုင်းမှစတင်ဆောင်ရွက်ခဲ့ကြပြီး၊ ဌာနဆိုင်ရာရုံးများရှိဝန်ထမ်း များ၊၄င်းတို့မိသားစုဝင်များ၏ Biometric ဆိုင်ရာ အချက်အ လက်များအား စိစစ်ကောက်ယူ ခြင်းနှင့် လိုအပ်သည့်ဓာတ်ပုံရိုက် ကူးရယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။  ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာသို့ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လင်းခေးခရိုင် ဦးစီးမှူးဒေါ်နန်းတင်မိုးဆွေ၊ ခရိုင်အုပ် ချုပ်ရေးမှူးဦးနေဝင်း၊ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူးဦးမျိုးနေခြည်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လင်းခေးမြို့နယ်ဦးစီးမှူး ဦးစိုင်းကြည်ရွှင်က လုပ်ငန်းကွင်းဆင်းဆောင် ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပေးခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်