ညောင်တုန်းမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာ၊ စူပါလိ(ဖ်)နှင့် အစ္စရေးမြက်ချို သရုပ်ပြစိုက်ပျိုးပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာ၊ စူပါလိ(ဖ်)နှင့် အစ္စရေးမြတ်ချို သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နံနက် ၉နာရီအချိန်က ပဲရုံဆိပ်ကျေးရွာရှိ ဦးမြတ်သိန်းထွန်း၏ လယ်မြေ(၅.၅၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။