ဘိုကလေး ဇွန် ၂၃
ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါး ကင်းရှင်းစေရေးကို ရည်ရွယ်ကာ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၉)နာရီအချိန်၌ ဘိုကလေးမြို့ပေါ်ကျောင်းများသို့ သွားရောက်ကာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မူးယစ်ဆေးဝါးနှင့် ပတ်သတ်သော အမှာစကား ကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးနှင့် ပတ်သတ်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ တာဝန်ရှိသူများ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါး ကင်းစင်စေရေးအတွက် အသိပညာပေးထားသော ဆောင်ပုဒ်များ၊ ဆောင်းပါးများ၊ ကာတွန်းများနှင့် ကဗျာများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)