ကွန်ဟိန်း ဇွန် ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ မြို့နယ်ရဲစခန်း၌ သွေးလွန်တုတ်ကွေးရောဂါ ကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် (အဘိတ်ဆေး)ခတ်ခြင်းများကို ယနေ့နံနက် (၉)နာရီအချိန်က တွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ ခြင်ကျား၊ ပိုးလောက်လန်းများ ခိုအောင်းမှုမရှိ စေရေေး အတွက် (အဘိတ်ဆေး)ခပ်ခြင်း၊ ခြင်ခိုး အောင်းနိုင်သည့် နေရာများ၊ မိုးရေနှင့် ရေဆိုး ရေညစ်များမရှိစေရေး၊ ခြင်ကျားလောက်လန်းကြောင့် ဖြစ်ပေါ်တတ်သော သွေးလွန်တုတ်ကွေး ရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဘိတ်ဆေးခပ်ခြင်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်း (ပြန်/ဆက်)