ပုံပါကျင်မြို့၌ (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်‌ ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ပုံပါကျင် ဇွန် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့နယ် တွင် ၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက် ကမ်းစာစောင်များကို ၂၀၂၃-ခုနှစ်၊ ဇွန် လ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက  ပုံပါကျင်မြို့ အ‌ခြေခံပညာအထက်တန်း‌ကျောင်းသို့ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၃၆)ကြိမ် မြောက်အပြည်ပြည်ဆိုင်ရာ မူး‌ယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  မူးယစ်ဆေးဝါး ပြဿနာသည် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများအားလုံးနှင့် သက်ဆိုင်သော အရေးကြီးကိစ္စဖြစ်သဖြင့် လူသားမျိုးနွယ်များ ဦးနှောက်နှင့် အသိဉာဏ်ရည်ပျက်စီးခြင်း၊ ကျန်းမာရေးနှင့် လှုမှုစီးပွားဘဝများ ဆုံးရှုံးပျက်စီးခြင်းတို့အပြင် နိုင်ငံများ၏ တရားဥပ‌ဒေစိုးမိုးရေးကို ထိခိုက်မှုနှင့် နိုင်ငံဖြတ်‌ကျော်မှုခင်းများဖြစ်‌ ပေါ်လာခြင်း စသည့်အကြောင်းအရာများကို ဖော်ပြ‌‌ပေးကြောင်း သိရသည်။

သော်တာ(ပြန်/ဆက်)