ကွမ်းခြံကုန်း ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့၏ ဦးဆောင်မှုဖြင့် သဘာဝပတ်ဝန်ကျင်းစိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် အပူချိန်လျော့ချစေရန် ရည်ရွယ်၍ မိုးရာသီလေကာအုန်းပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က တောင်ဘက်ပိုင်းရပ်ကွက် လမ်ဘေးဝဲယာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
လေကာအုန်းပင်သစ်ပင် စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့်အဖွဲ့ဝင်များက ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ ပြည်သူများအား အုန်းပင်ပေါက်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အုန်းပင်စိုက်ပျိုးပွဲတော်သို့ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၂ဦးရဲတင့်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသန်းလွင်၊ ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းနှင့် ဒေသခံပြည်သူများတို့က အုန်းပင်(၅၂၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ ဆက်)