မောင်တော ဇွန် ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မျိုးစေ့ ထုတ်လုပ်မည့် တောင်သူများထံသို့ မျိုးကောင်းမျိုး သန့် မျိုးစေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်ထွန်းမောင်က မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ရခြင်းများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားရာတွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုနှစ် မျိုးစေ့ထုတ်ဧက ၅၀ စိုက်ပျိုးမည်ဖြစ်ပြီး ၂၀၂၃ -၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း မျိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းကို မျိုးကွဲအနေဖြင့် ပေါ်ဆန်းရင်မျိုးစပါးအား သရေကုန်ဘောင် ကျေးရွာ၊ မီးတိုက်ကျေးရွာ၊ နန်းရာကိုင်ကျေးရွာ တို့တွင် ၃၀ ဧက နှင့် ဆင်းသွယ်လတ်စပါးကို ဇူလကျေးရွာ၊ ၂၀ ဧက စုစုပေါင်းကျေးရွာ ၄ ရွာတွင် မျိုးစေ့ထုတ်လုပ်မည့် ဧက ၅၀ အား တောင်သူ ၄၁ ဦးတို့နှင့်အတူ ဆောင်ရွက်မည်ဖြစ်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် မျိုးစေ့ထုတ်လုပ်မည့် တောင်သူများထံသို့ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်တို့က တောင်သူများ၏ လက်ဝယ်သို့ မျိုးကောင်း မျိုးသန့်မျိုးစေ့နှင့် ဓာတ်မြေဩဇာများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးမှကျေးဇူး တင်စကား ပြောကြားခဲ့သည်။ ယင်းနောက် ပြန်လည် ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများသည် မုန်တိုင်းဘေးကြောင့်လေဘေးသင့်ခဲ့သော ကိုင်းကြီးကျေးရွာရှိ တောင်သူ ၁၈ ဦး၏ လယ်မြေ ၆၀ ဧက ကို စက်မှု လယ်ယာဦးစီးဌာနမှ လယ်မြေများအား ထွန်စက် ၄ စီးဖြင့် ထွန်ယက်ပေးနေမှုများအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် (ပြန်/ ဆက်)