လွိုင်ကော် ဇွန် ၂၅
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့နယ်အတွင်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ် အတွင်းရှိ အဆင့်မြင့် ပညာတက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ အများပြည်သူများနှင့် သက်ဆိုင်သော နေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ပြည်သူ များ အသုံးပြုသည့် ဘီလူးချောင်း သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ဘီလူးချောင်း ကမ်းတစ်လျောက်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများနှင့် အမှိုက်သရိုက် ဆည်ယူနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)