မဟာအောင်မြေ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အောင်မြေသာစံအားကစားကွင်းနှင့် ဗထူးအားကစားကွင်းများတွင် ၂၀၂၃ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ရာ ယနေ့ညနေ (၃း၃၀)နာရီ၌ အမျိုးသား ဘောလုံးဆီမီးဖိုင်နယ်ပွဲကို ဗထူးအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့်ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အောင်မြေသာစံအားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်သိရသည်။
တိုင်းနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်လ(၈)ရက်နေ့မှ တိုင်းနှင့်ပြည်နယ်စုစုပေါင်း (၁၅)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး အသင်း၊ ရှမ်းပြည်နယ်အသင်း၊ ကချင်ပြည်နယ်အသင်း၊ ကရင်ပြည်နယ်အသင်းတို့သည် ဆီမီးဖိုင်နယ်ပွဲသို့ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဆီမီးဖိုင်နယ်(၄)သင်းထဲမှ အနိုင်ရ (၂)သင်းအား ဇွန်လ(၂၈)ရက်နေ့တွင် အောင်မြေသာစံအားကစားကွင်း၌ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲများ ကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ တိုင်းနှင့်ပြည်နယ် အမျိုးသား အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပွဲစဉ်များသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အဆင့်မြင့်ပညာရေးကျောင်းများ၊ အခြေခံပညာရေးကျောင်းများမှကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ၊ အားကစားဝါသနာရှင်များလာရောက် ကြည်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း