ရေတာရှည်မြို့နယ်၌ စပါးမျိုး​စေ့ချကိရိယာ (Drum Seeder)​ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနာ:ကျင်းပ

ရေတာရှည် ဇွန်  ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်နည်းစနစ်ပြောင်းလဲနိုင်ရန်  စက်မှုလယ်ယာဦးစီးဌာနမှ ထုတ်လုပ်သည့် ဒေသနှင့်ကိုက်ညီသော စပါးမျိုး​စေ့ချကိရိယာ (Drum Seeder )လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို  အမှတ် (၄၈) စက်မှု လယ်ယာစခန်းနေ့နံနက် (:၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က  အမှာစကားပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးမှ စပါးမျိုး​စေ့ချကိရိယာ (Drum Seeder )လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  တာဝန်ရှိသူများက Drum Seeder မျိုး​စေ့ချကိရိယာ (၇၀) လုံးအား ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

တောင်သူများအနေဖြင့် အဆိုပါ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့် ကြဲပက်စိုက်ပျိုးခြင်းထက် မျိုးစေ့နှုန်းထား သက်သာခြင်း၊ လုပ်သားအင်အား သက်သာခြင်း၊ အတန်းလိုက် မျိုးစေ့ချစိုက်ပျိုးခြင်းကြောင့် လေဝင်လေထွက်ကောင်းမွန်ပြီး ပေါင်းမြက်နှင့် ရောဂါပိုးမွှားများ အလွယ်တကူနှိမ်နင်းနိုင်ခြင်းနှင့် အပင်ပြုစုရာတွင် ပိုမိုအဆင်ပြေ၍ အထွက်နှုန်းပိုများခြင်း စသည့်အကျိုးများရရှိစေနိုင်ကြောင် စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

ရေတာရှည်(ပြန်/ဆက်)