ဟိုပန်၌ ယာဥ်အန္တရာယ်ကင်းရှင်းရေး ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်

ဟိုပန် ဇွန် ၂၅

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဝင်းလှိုင် ဦးဆောင်၍  ဟိုပန်မြို့နယ်၊ အမှတ်(၁၂၉)၊ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ထွန်းဇော်မျိုးနှင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့က ယနေ့နံနက်(၉)နာရီတွင် ဟိုပန်-နမ့်တစ် လမ်းဆုံနေရာ၌ ယာဥ်အန္တရာယ်ကင်းရှင်းရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာ ပေးဆောင်ရွက်ရာတွင် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေများအကြောင်း၊ ယာဥ်တိုက်မူမဖြစ်ပွားစေရေး၊ ယာဥ်ကြောပိတ်ဆို့မှု့မရှိစေရေးတို့အတွက် ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းများ၊ မော်တော်ယာဉ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင်များ ထားရှိရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းရာတွင် ဆိုင်ကယ်ဦးထုပ်အား မဖြစ်မနေဆောင်းကြရန်၊ ယာဥ်တိုက်မူဖြစ်လာခဲ့လျှင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးအန္တရာယ်များနှင့် အရေးယူအပြစ်ပေးနိုင်မည့် ဥပဒေ၊ ပုဒ်မများကို အသိပညာပေးပြောကြားခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင် (၁၅၀)စောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ ဆက်)