ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ ဘာသာဂုဏ်ထူးရရှိပြီး ဝိဇ္ဇာဘာသာတွဲ နိုင်ငံတော်အဆင့်(၄)ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

သာယာဝတီ  ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက သာယာဝတီမြို့ တည်ဆောက်ရေး ၉ ခန်းမ၌ ကျင်းပသည့်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  ၅ ဘာသာဂုဏ်ထူးရရှိပြီး ဝိဇ္ဇာဘာသာတွဲ နိုင်ငံတော်အဆင့်(၄)ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော မစုမြတ်လင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ပြီး ဂုဏ်ပြုသြဝါဒ အမှာစကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုထောက်ပံ့ငွေကျပ် (၈၀)သိန်း၊သာယာ၀တီမြို့နယ်၊ ရွှေဝတီကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းကြည်ကဂုဏ်ပြုထောက်ပံ့ငွေကျပ် (၅)သိန်း၊ လက်ပံတန်းမြို့နယ်၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ဂုဏ်ပြုထောက်ပံ့ငွေကျပ်(၃)သိန်း၊ မင်းလှမြို့နယ်၊ ဦးလှထွေးမှ ဂုဏ်ပြုထောက်ပံ့ငွေကျပ်(၃) သိန်း၊ မိုးညိုမြို့နယ် ဦးဝေယံမိုးမှ ဂုဏ်ပြုထောက်ပံ့ငွေကျပ်(၃)သိန်း၊ အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်ကိုမှ ဂုဏ်ပြုထောက်ပံ့ငွေကျပ်(၃)သိန်း၊ ကြို့ပင်ကောက်မြို့နယ် မြို့မိမြို့ဖ ဦးသိန်းဝင်းမှ  ဂုဏ်ပြုထောက်ပံ့ငွေကျပ်(၃)သိန်းတို့အား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ ဘာသာဂုဏ်ထူးရရှိပြီး ဝိဇ္ဇာဘာသာတွဲ နိုင်ငံတော်အဆင့်(၄)ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့‌သော ကျောင်းသူ မစုမြတ်လင်းအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဆုရကျောင်းသူ မစုမြတ်လင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ ဆက်)