ဖောင်းပြင် ဇွန် ၂၆
အလုပ်အကိုင်ရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန်အတွက် ပလတ်စတစ်ဖြင့် ပြုလုပ်သော ခြင်းတောင်းနှင့် လူအသုံးအဆောင်ပစ္စည်း ရက်လုပ်ခြင်းသင်တန်းကို ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်စံပယ်ဦးက သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ ဒေါ်ခင်ဆန်းက "ခြင်းတောင်းအမျိုးမျိုး ရက်လုပ်ရောင်းနေတဲ့ မိသားစုအချို့ ပုံမှန်ဝင်ငွေတွေရပြီး မိသားစုစားဝတ်နေရေးအပြင် ငွေပိုငွေလျှံစုဆောင်းမိကြကြောင်း၊ မိသားစုဝင်ငွေရရှိရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်ပြီး စဉ်ဆက်မပြတ် ပြုလုပ်နိုင်တဲ့ လက်မှုပညာ တစ်မျိုးဖြစ်ပြီး ကျွမ်းကျင်အဆင့်ကို ရောက်ရှိပါက လူတစ်ဦးသည် တစ်ရက်လျှင် ပလပ်စတစ်ခြင်း အရေအတွက် ၂ လုံးမှ ၃ လုံးခန့်ပြုလုပ်နိုင်ကြောင်း" ပြောကြား သည်။
သင်တန်းတွင် ခြင်းတောင်း၊ လွယ်ပလိုင်း၊ ပစ္စည်းထည့် ဖာတောင်းရက်လုပ်ခြင်း နည်းပညာများကို သင်ကြားပေးပြီး သင်တန်းသူ ၈ ဦးသင်ယူကြကြောင်း သိရ သည်။
ကိုထွန်း(ဖောင်းပြင်)