ပန်းတနော် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုမောင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်မူးယစ်ဆေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွဋ်က လူငယ်လူရွယ်များအား မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးသုံးစွဲမှု လျော့နည်းပပျောက်စေရေး အားကစားပြုလုပ်ပေးခြင်းဖြင့် စိတ်ကိုပြုပြင်ပြောင်းလဲစေနိုင်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူဘဝသို့ မရောက်ရှိစေရန် ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များအား အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)