ကန်ကြီးထောင့် ဇွန် ၂၆
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၃)နာရီ အချိန်ခန့်က အမှတ်(၄)ရပ်ကွက်ရှိ မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဗိုလ်ကြီး နိုင်ဝင်းထွန်းက ဘောလုံးပွဲကျင်းပ ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျာ်လွင်က အားကစားနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က လက်ခံရယူခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော အားကစားသမားများက အားကစားအဓိဌာန်ရွတ်ဆို၍ တာဝန်ရှိသူများအား အလေးပြုနှုတ်ဆက်ကြသည်။
အဆိုပါ ဇွန်လ ၂၅ ရက်နေ့တွင် တကုန်းကြီးတိုက်နယ်အသင်းနှင့် ရှမ်းရွာတိုက်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရှမ်းရွာတိုက်နယ်အသင်းမှ တကုန်းကြီး တိုက်နယ်အသင်းအား (၅)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဘောလုံးပြိုင်ပွဲတွင် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တိုက်နယ်အသင်း(၉)သင်းတို့မှ ဝင်ရောက် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
မဇင်(ပြန်/ဆက်)