ကျောက်ကြီး ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ လျှပ်စစ်မီးပြတ်တောက်လျက်ရှိနေမှုကြောင့် ဆိုလာစနစ်နှင့်မီးစက်များအသုံးပြု၍ အားသွင်းဝန်ဆောင်မှုပေးနေသည့်ဆိုင်များ ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ (၂)လခန့်ရှိပြီဖြစ်ရာ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာရုံးဝန်ထမ်းများသည် ရုံးလုပ်ငန်းဆိုင်ရာအခက်အခဲများ၊ မိုဘိုင်းဖုန်းများနှင့် Laptop များ အားသွင်းရန်အခက်အခဲများရှိနေခြင်းကြောင့် မြို့နယ်အတွင်းရှိ အားသွင်းဆိုင်များတွင် မိုဘိုင်းဖုန်းတစ်လုံးလျှင်(၁၀၀၀)ကျပ်၊ Power Band တစ်လုံးလျှင်(၁၅၀၀)ကျပ်၊ Laptop တစ်လုံးလျှင်(၂၀၀၀)ကျပ်၊ မီးစက်ငှားရမ်းခ(၁)နာရီလျှင် (၉၀၀၀)ကျပ်နှုန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါဝန်ဆောင်မှုပေးနေသည့်ဆိုင်များအနေဖြင့် နေ့စဥ်ပုံမှန် ဝင်ငွေရရှိပါကြောင်း ဖုန်းအားသွင်းဆိုင်လုပ်ကိုင်နေသူများပြောကြားချက်အရ သိရသည်။
မြို့နယ်ပြန်/ဆက်