ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းနှင့်ကဗျာပြိုင်ပွဲများကျင်းပ

ဒဂုံတောင် ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းနှင့်ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၀၉:၀၀)နာရီက အမှတ်()အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၄၂)ကျောင်းမှ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင်(၂၉)ဦး၊ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ မူလတန်းအဆင့်တွင်(၂၁)ဦး၊ ပိုစတာပြိုင်ပွဲ အထက်တန်းအဆင့်တွင်()ဦး၊ ကာတွန်းပြိုင်ပွဲတွင် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ()ဦး၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ()ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ()ဦး စုစုပေါင်းပြိုင်ပွဲဝင်(၁၀၀)ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ(၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအနေဖြင့် တိုင်းအဆင့်ပြိုင်ပွဲများသို့ ဆက်လက်ယှဥ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး ဆုရရှိသောကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ဆုများထိုက်ထိုက်တန်တန်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)