မင်းလှမြို့တွင် ဇီဝဆိုင်ရာအချက် အလက်ကောက်ယူစိစစ်ခြင်းနှင့် (Unique ID) နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်

မင်းလှ ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် (Unique ID) နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်နှင့် ဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး ဇီဝဆိုင်ရာအချက်အလက် စိစစ်ကောက်ယူပြီး (Database) တွင် သိမ်းဆည်းကာ မတူညီဂဏန်း (၁၀) လုံးပါဝင်သည့် (Unique ID)  နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးခဲ့သည်။

အဆိုပါ လုပ်ငန်းများကို (Internet line) ကောင်းမွန်သည့် အခြေခံပညာကျောင်းများ၊ ရပ်ကွက််/ကျေးရွာ အုပ်စုများတွင် စုစည်း၍ အသက် (၁၀)နှစ်ထက် ရှိသူများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်‌ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ပေါက်စ(မင်းလှ)