ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအလယ်တန်း (ပြည်ကြီးမဏ္ဍိုင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက အာဇာနည်စိတ်ဓာတ်အကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်(၉)ဦး အကြောင်းကို ကျောင်းသား၊ကျောင်းသူများ သိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့ သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ် စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)