ပဲခူး ဇူလိုင် ၁၇
(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် မိန့်ခွန်းပြိုင်ပွဲ ယနေ့နေ့လယ် ၁၂ နာရီအချိန်က ပဲခူးမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ဝိုင်အမ်ဘီအေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်နီလာကြည်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် Grade-5 မှ ကျောင်းသားမောင်သော်စစ်ညီညီက အာဇာနည်နေ့ဖြစ်ပေါ်လာပုံကိုလည်းကောင်း၊ Grade-11 မှ ကျောင်းသူမဇွန်ယွန်းထက်က အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန်အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး Grade-7 မှ ကျောင်းသား/သူများက အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားခဲ့သည်။
ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပြိုင်ပွဲအား ဆက်လက်ကျင်းပရာ G-9 မှ ကျောင်းသား/သူ (၁၀)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)