အင်းစိန်မြို့နယ်၌ ပြည်သူများအား ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန် ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများ နိုင်ငံစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့်သူများအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကွန်းဘုန်းကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီစိုး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက် အတွင်းရှိ ပြည်သူ ၃(က) ကျား(၃၇)ဦး၊ မ(၅၈)ဦး၊ ၆(က) ကျား(၃)ဦး၊ မ(၃)ဦး၊ လဲလှယ်သူ ကျား(၁၄)၊ မ(၂၄) စုစုပေါင်း(၁၃၉)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ပေးရာသို့ အမှတ်(၄)ရှေ့တန်း တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်စိုးဦး၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင် (၃) လဝက ဦးစီးမှူး ဦးညီညီစိုး၊ရပ် ကွက်အုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ သည်။

အင်းစိန်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးအနေဖြင့်လည်း လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်စို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက် (၂) ဖြင့် ကျန်ရှိနေသော ရပ်ကွက်များကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)