လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် အာဇာနည်နေ့အထိမ်းအမှတ် အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲနှင့်ပုံတူပန်းချီဆွဲပြိုင်ပွဲကျင်းပ

လားရှိုး ဇူလိုင် ၁၈

(၇၆)နစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အင်္ဂလိပ်စာဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio) တွင် ယနေ့နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦး က အဖွင့်အမှာစကားပြောကြားပြီး ၊လားရှိုးခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိုင်ပွဲစည်းကမ်း ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲသို့ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူပေါင်း (၃၆) ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲသို့ တက်ရောက်လာကြသည့်  ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများသည် အခမ်းအနားတွင် ပြသထားသည့် (၇၆)နှစ်မြောက်  အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်ပြဘုတ် များနှင့် Community Centre အတွင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်