စဉ့်ကူးမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲကျင်းပ

စဉ့်ကူး   ဇူလိုင်  ၁၈

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ခင်းကျင်းပြသထားသည်။

အဆိုပါ စာအုပ်ပြပွဲတွင် မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ပတ်သက်သည့်စာအုပ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများ၊ ပညာရပ်မျိုးစုံပါဝင်သော သုတရသစာအုပ်စာစောင်များ၊ အာဇာနည်နေ့နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာစာအုပ်စာစောင်များအား စိတ်ဝင်စားဖွယ်ခင်းကျင်းပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)