စလင်းမြို့ အမှတ်(၂)အခြေခံပညာထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ်ဟောပြောပွဲ နှင့် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနား   ကျင်းပပြုလုပ်

စလင်း  ဇူလိုင်  ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန် ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲနှင့်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးနံရံကပ်၊ ဓာတ်ပုံ ပြပွဲနှင့်ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား  ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ  (၇၆)နှစ်မြောက် အာဇာနည်နေ့ အသိပညာပေးဟောပြောပွဲတွင်  စလင်းမြို့ အမှတ်(၂)အခြခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်​မြင့်မြင့်ရီက အဖွင့်အမှာစကား    ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ စာကြည့်တိုက်မှူးဒေါ်စိုးယုစိုးမှ       အာဇာနည်ဖြစ်ပေါ်လာပုံမိုင်းကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်   အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေးရရှိရန်အတွက် ကိုယ်ကျိုးစွန့်  အနစ်နာခံ    ကြိုးစားခဲ့ပုံများနှင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦးတို့၏ အတ္ထုပ္ပတ္တိများနှင့်  အာဇာနည်စိတ်ဓာတ်များကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆုရရှိသူ G.11မှ မဆုဆုဇင်မြင့်၊ ကဗျာပြိုင်ပွဲမှ G.11 မှ မစိုးစန္ဒာမြင့်၊ ဆောင်းပါးပြိုင်ပွဲအထူးဆုနှင့် အလယ်တန်းအဆင့် မမေ့အစဥ်လာအာဇာနည်နေ့အချိန်အခါ ခေါင်းစဥ်ဖြင့် ဆုရရှိသည့်မသန့်သီရိဇော်နှင့် ပြိုင်ပွဲအသီးသီးမှ ဆုရရှိသူများအား    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စိုးယုစိုးနှင့် ဒေါ်ခိုင်ခိုင်မြင့်   တို့မှလည်းကောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ရီတို့မှ ဆုများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

(မောင်လွင်)စလင်း